သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ် သံတွဲခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေးပွဲကို သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ (၂-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငပလီကမ်းခြေအတွင်း မှတ်ပုံတင်ထားရှိသည့် စားသောက်ဆိုင် (၃၈)ဆိုင်မှ လုပ်ငန်းရှင်များ
ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (SPFMTA) အနေဖြင့် ရွှေဘိုပေါ်ဆန်း G.I ရရှိရေးအတွက် ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှု GRET Myanmar၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်လှ(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ဦးမျိုးဝင်း(မကွေးမြို့နယ်ဦးစီးမှူး) စစ်ဆေးရေး အရာရှိနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ (၁၆:၃၀)နာရီတွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော မကွေးတိုင်းဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်ဌေးနှင့် လုပ်ငန်းရှင်များထံသွားရောက် တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူးသယ်ယူပို့ဆောင်
စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရေးအတွက် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်း(Consumer Empowerment Index-CEI ) စစ်တမ်းကောက်ယူရေး စီမံချက်အား စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၃၀၀၀ ခန့်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၂၅-၄-၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ကြပါသည် ။ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးက ပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေအား ၂၀၁၄ခုနှစ