သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Jun 2022

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌဦးဆန်းဌေး(ခရိုင်အုပ်ချုပ်ရေးမှူး)ဦးဆောင်၍ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်းအောင် (ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီက မြောင်းမြမြို့အတွင်းရှိ မော်တော်ဆိုင်ကယ်ရောင်းချသောဆိုင်များ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များ တရားမဝင်ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ စက်ကိရိယာများရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

09 Jun 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည်ခရိုင်စက်မှု ကြီးကြပ်ရေးဦးစီးဌာနတို့နှင့်  အတူ    ဇွန်လ ( ၂ ) ရက် နေ့တွ် ဖျာပုံမြို့ အောက််ကွင်းကျေးရွာရှိ ရွှေကောင်းစံဆီစက် တည်ဆောက်ထားမှုနှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

09 Jun 2022

                 ဖျာပုံခရိုင်ရှိ မြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် အသင်းပြန်လည် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဖျာပုံမြို့နယ်တွင် ဆန်စက်အသင်းရုံး၌ (၂၀-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၄-၆-၂၀၂၂)နေ့တွင်လည်းကောင်း၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၉-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၂၄-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ အသီးသီးရွေးချယ်တင

09 Jun 2022

              ဧရာဝတီတိုင်း‌ဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းတို့နှင့်အတူ ဇွန်(၁)ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင်  ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ လက်လီ /လက္ကား ဆိုင်များ၊ စတိုးဆိုင်များ၊ စားဆီဖြန့်ဖြူးရောင်းချနေသော ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း ညွှန်ကြားချက်(   ၁/၂၀၂၁ )  အားလိုက်နာ ဆောင်ရွက်မှုရ

09 Jun 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

Pages