သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ထီကွေ့ ပြည်သူ ၁၈ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် အဖွဲ့ဝင်သည် ညောင်တုန်းမြို့နယ် ၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်အတူ (၁၆.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် သွားရောက်၍ ညောင်တုန်းမြို့နယ် Toe Tet Win Hlaing Co.Ltd သို့ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည်ဦးဆောင်၍ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ဦးထွေးသိမ်း၊ ဒေးဒရဲမြို့နယ်တာဝန်ခံ ဦးသိန်းမောင်တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်(၁၈-၅-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးသည့် SPS Protocal အရ တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန် ဆန္ဒပြုလျှောက်ထားသည့် ALLIANCE EAGLE ကုမ္ပဏီ၏ ပြောင်းဆံအခြောက်ခံ သန့်စင်သိုလှ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် သီဟသူ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှု၊ စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်စေရေးအတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများအား ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိပါသည်။