သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ကို စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၁ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပါသည်။
စားသုံးသူနှင့်လုပ်ငန်းရှင်ပြည်သူများက စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ Consumer Call Center ကို စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၁ခုနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ပါသည်။
ထုတ်လုပ်မှုမှသည် ဈေးကွက်ဆီ …
မြန်မာနိုင်ငံရှိ လယ်ယာထွက်ကုန်သီးနှံတို့၏ အချို့အမည်များကို လွဲမှားဖွယ်စာလုံးများ သုံးစွဲနေကြ၍ ပဲပုပ်နှင့်ပဲပိစပ် မတူညီကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လေ့လာ ရေးသား ဖော်ပြရခြင်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထားဝယ်မြို့ပေါ်ရှိ အလှကုန်ရောင်းချနေသောဆိုင်များအား လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် အချိုရည်နှင့် ယိုမျိုးစုံ ရောင်းချနေသောဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။