သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၆-၁၀၂၀၂၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ဆော်လော်ကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် နန်းမားမြို့နယ်၊ ကျွန်းပင်သာကျေးရွာတွင်လည်းကောင်း စားသုံးသူရေးရာနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်း ၊ စားသုံးသူရေးကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်မျာ
၅.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ သွားရောက်ပြီး ပြည်ပမှ တရားတင်သွင်းလာသော ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ဆောင်ရွက်ထားသော ကုန်စည်များအား ရောင်းချနေမှု ရှိ/မရှိအခြေအနေအား ဈ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖရဲစိုက်တောင်သူများ GAP စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေးဆွေးနွေးဟောပြောပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့၊ မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဖရဲစိုက်တောင်သူ (၁၇)ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခန်းမ ၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ (၁) အလုပ်မှုဆောင်ရွေးချယ်ပွဲကို Zoom Application မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ကောလင်းမြို့ပေါ်ရှိ ရေသန့်စက်များနှင့် ခေါက်ဆွဲလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသောက်ကုန်လုပ်ငန်းများအား (FDA) ထောက်ခံချက်ရရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများနှင့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းများနှင့်ပတ်