သတင်းနှင့် လှုပ်ရှားမှုများ
အနောက်အာရှဒေသရှိ အိုမန်၊ ဂျော်ဒန်၊ ဆောဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များတင်သွင်းရာ၌ ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များအား ဥရောပသမဂ္ဂနိုင်ငံများနှင့် အဆင့်တူညီစွာ ပြဌာန်းခဲ့ကြရာ အိန္ဒိယ၏ အဆိုပါနိုင်ငံများသို့ ဘာစမာတီဆန်များတင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိနေပါသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ်ချက်အား အဆင့်မြှင့်တင်ခဲ့သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်င
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်ပါက အီးယူပြင်ပနိုင်ငံများမှ ကမ္ဘာ လှည့်ခရီးသည်များအား အီးယူနယ်မြေသို့ ဝင်ရောက်ခွင့်ပြုသွားရန် အီးယူအဖွဲ့ဝင်(၂၇) နိုင်ငံ က သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ကာကွယ်ဆေးထိုးပြီးသူ ပြည်ပခရီးသည်များ အီးယူသို့ non-essential travel အဖြစ် ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးရန် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၏ ၁၇-၅-၂၀၂၁ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အစည်းအဝေးတွင် စားသုံးသူရေးရာ အတွင်းဝန် Ms. Leena Nandan သည် ပြည်နယ်/ ပြည်ထောင်စုနယ်မြေများရှိ စားနပ်ရိက္ခာထောက်ပံ့မှုနှင့် စားသုံးသူဆိုင်ရာ အတွင်းဝန်များနှင့် တွေ့ဆုံလျက် နိုင်ငံတစ်ဝန်း၌ ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက် အခြေအနေအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန၏ ရုံးသုံးကွန်ပျူတာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၁ခုနှစ် မေလ ၃၁ ရက် တနင်္လာနေ့၊ နံနက် ၁၀နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။