သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (upgrade consumer complaint system) အား ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၁ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များသည် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် ဉပဒေ၊ စည်မျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် အရေးကြီး အသုံးများသော Mask များဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ပစ္စည်း ပြတ်လပ်မှု မရှိစေ ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ( ၁ )ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနှင့်အခြေခံစားသုံးကုန်အမျိုးမျိုးအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူး ခြင်းရှိ/မရှိကို ဖရူဆိုမြို့နယ်ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် မိုဘိုင်းဖုန်းလုပ်ငန်းရှင် ဥက္ကဌ အပါအဝင် မိုဘိုင်းဖုန်း လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။