သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြိတ်မြို့၊ ကျွန်းစု မြို့နယ်၊ ပထက်ကမ်း အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်စျေးတန်း ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၂.၁.၂၀၂၀ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ အ-ထ-က(၁)တွင် လည်းကောင်း၊ နေ့လယ်(၁၃:၀၀) နာရီ အချိန်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာရှိ အထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို ဦးဆောင်သောအဖွဲ့သည် Embasssy of Japan မှ Counsellor ဖြစ်သူ Mr. TAKIMI Kazuyuki ဦးဆောင်သော Myanmar Japan Joint Initiative Business Environment Working Group တာဝန်ရှိသူများအား (၂၈.၁.၂၀၂၀) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
၂၀-၁-၂၀၂၀ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ရုံးခန်းမှာကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ ရွှေညောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ရွှေညောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ၁၉-၁၂-၂၀၁၉ နှင့် ၁၀-၁-၂၀၂၀ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ယင်းသို့ကွင်းဆင်း စစ်ဆေးရာမှ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရန်ပြဌာန်းချက်နှင့်ကိုက်ညီမှုမရှိသော စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လု