သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြိုတင်ကာကွယ်တားဆီးရေးအတွက် အရေးပေါ်အခြေအနေ တွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သောစားသောက်ကုန်နှင့် ကုန်စည်များပြတ် လပ်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၆.၃.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဦ
၂၀၂၀ပြည့်နှစ် မတ်လ (၂၀)ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့စကားဝိုင်းတွင် ပြည်သူများကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်၊ ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၂၀၂၀ပြည့်နှစ် မတ်လ (၁၅)ရက်နေ့၌ မြဝတီမြို့ရှိ ဝဉလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲမှူးကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးလုံးကျေးရွာရှိ သစ္စာလင်း (Minimark)ဆိုင်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြို့မဈေးရှိ ဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။