သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော စစ်ဆေးရေးမှူးတို့သည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူး၊ ရောင်းချ၊ တင်သွင်း၊ထုတ်လုပ်သည့် နေရာများသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို ၍ တွဲလျက်ဖြစ်စေ ဖော်ပြမှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ဥပဒေနှင့်ညီည
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်တကွ ကော်မတီဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ၁၇-၈-၂၀၂၀ ရက်နေ့ မှ ၂၀-၈-၂၀၂၀ ရက်နေ့အထိ လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း( ၂၁ )ဦး တက်ရောက်ခဲ့ပါသည်။
(၁၉-၈-၂၀၂၀) ရက်နေ့နှင့် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သနပ်ခါးအမည်ခံအလှကုန်များတွင် စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စေျးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ထမင်းဆိုင်၊စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ဆုံဆိုင်များတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆ