သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၇.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 9B-8375) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၂၉)ပေပါနှင့် (၁၈.၁.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၁၂)ပေပါ စုစုပေါင်း (၄၁) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

၂၀.၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုးသည် ရေးမြို့နယ်၊ ဒူးယားကျေးရွာရှိ လဝီနွန် သောက်ရေသန့်စက်ရုံသို့သွားရောက်၍ သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို (၁၇.၁.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် SP plastic & အိမ်သုံးပစ္စည်း အိမ်အရောက်၀န်ဆောင်မှုလုပ်ငန်း အမှတ်(၁၃၇)၊ မြင်သော်တာလမ်း၊ အနောက်(၆)ရပ်ကွက်၊ သာကေတမြို့နယ်သို့ သွားရေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ၁၇.၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး ၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းသည် (၂၀.၁.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် သထုံမြို့ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ လွင်မောင်မောင်ကုမ္ပဏီမှ(ယာဉ်အမှတ် 6J-6791) ယာဉ်မောင်း ဦးမျိုးသန့် မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၄၀)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။
