သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Mar 2020

          ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းများ၊ ဆေးဆိုင်များအား  သက်ဆိုင်ရာမိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

13 Mar 2020

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၈ .၂ .၂ဝ၂ဝ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

13 Mar 2020

    ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ(၁) ရက်နေ့ (၀၈:၃၀) အချိန်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများမှ တောင်သူလယ်သမားနေ့ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှည့်လည်ကြည့်ရှု အားပေးကြပါသည်။

12 Mar 2020

           အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) သည် အာဆီယံဒေသတွင်းရှိ စားသုံးသူများ Online Shopping  မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများနည်းပါးစေရေးအတွက် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့်အချက်များအား ပြုစု၍ အဖွဲ့ဝင် နိုင်ငံ များသို့ဖြန့်ဝေထားပါသည်။

11 Mar 2020

        ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် Media Campaign မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ စားသုံးသူရေးရ

Pages