သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား ကယားပြည်နယ်အတွင်းရှိ ကုန်စည်များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်များသိရှိလိုက်နာနိုင်ရေး အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ သက်ဆိုင်ရာဌာနများ၊ သတင်းမီဒီယာများနှင့် လုပ်ငန်းရှင် စုစုပေါင်း (၄၀) ဉီးတက်ရောက်ခဲ့ပါသည်။

(၁၈.၂.၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉) ညွှန်ကြားချက်တို့နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြိို့နယ်တိုင်းရေး

မုဒုံမြို့နယ်၊ ကမာဝက်မြို့ (ရွာလယ်ဓမ္မာရုံ) ၌ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေးပြည်သူ့စကားဝိုင်းကို ၁၈.၂.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကမာဝက် မြို့သူ/မြို့သား၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း (၂၅၀) ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန်မသင့်ကြေငြာထားသော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ ကလေးကစားကွင်းညစျေးတန်း၌ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညစျေးတန်းတာဝန်ခံ တို့နှင့်ပူးပေါင်း၍ စျေးအတွင်းအများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင
