သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က မူလွန်ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး သိရှိနာလည်းရန်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အရေးဆိုတင်ပြနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း (၂၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပန်းတနော်မြို့၊ ဘုရာပြိုကျေးရွာ(အ.မ.က)ရှိ အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ(၇၀)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်း အကြောင်း Talk Showကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်န
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။