သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်များအလိုက် စာသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ တောင်တွင်း၊ ချောက်မြို့နယ်များအတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် မြို့ပေါ်ဈေးများရှိ စားသုံးဆီအရောင်းဆိုင်၊ စက်သုံးဆီအရောင်းဆိုင်နှင့် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များ၊ ဒေသတွင်းမုန့်မျိုးစုံထု
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် တာဝန်ခံဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၉.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တိုင်းတောင်သူဖွံ့ဖြိုးစေရေးအဖွဲ့မှ ဦးဆောင်၍ “နှမ်းစုပေါင်းရောင်းချပွဲ”သို့ သွားရောက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ ဖိတ်ကြားမှု၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရှိ အမှုထမ်း၊ အရာထမ်းများအား အသိပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂/၂၀၂၂)ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။