သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ လှေဆိပ်ရှိ ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးသည် ၂၀၂၆ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေစျေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ရွှေဆိုင်လုပ်ငန်းရှင်များဖြင့် တွေ့ဆုံ၍ အစည်းအဝေးကို ၄.၄.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ရွှေစျေးနှုန်းတည်ငြိမ်စေရန် သတ်မှတ်စျေးနှုန်း ဖြင့်သာ ရောင်းချနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဦးအောင်လွင်မှ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆ခုနှစ် ဧပြီလ ၄ရက်နှင့် ၅ရက်နေ့များတွင် ပန်းတနော်မြို့နယ်ရှိ မြို့ကွက်သစ်ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော မြို့နယ်ဆီကုန်သည်အသင်းမှ ဦးဆောင်၍ စျေးကားဖြင့်လှည့်လည်၍ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

