သတင်းနှင့် လှုပ်ရှားမှုများ
မြင်းခြံမြို့ရှိ မြင်းခြံခရိုင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MDCCI) ခန်းမတွင်(၁၇.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် မြင်းခြံမြို့ရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်စပါး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စနစ်တကျရှိစေရေးနှင့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးတို့ အတွက် နွေးဆွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်မှစ၍ မြို့ပေါ်ရှိကုန်စုံဆိုင်များအား ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲ တပ်ဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစားအသောက်နမူနာကောက်ယူ ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းမှာရှိသော SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် (၁၂.၁၂.၂၀၂၄) ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်၊ မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MDCCI) ရုံးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ SMEs လုပ်ငန်းရှင်(၄၁)ဦးနှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်ဟုသိရပါသည်။ အဆိုပါအစည်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၉.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့် အတူ ရွာသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။