သတင်းနှင့် လှုပ်ရှားမှုများ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (၅၀၊×၃၅၊×၂၄၊) RC (၂)ထပ် (အတွင်း ရေ၊မီး၊မိလ္လာ)(Apron & Drain အပါ) အဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ ၃၁.၈.၂၀၂၀ ရက်နေ့တွင် အဆိုပါဆောက်လုပ်ခြင်းလုပ်ငန်းမှာ ၁၀၀% ပြီးစီးပြီးဖြစ်ကြောင်းသတင်းရ

၂၅.၈.၂၀၂၀ ရက်နေ့မှ ၂၈.၈.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မိုးညှင်းမြို့နှင့် ဗန်းမော်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် လက်လီ/လက်ကားဆိုင်များတွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဉပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂၅/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများကို လက်ခံဆောင်ရွက် ဖြေရှင်းပေးလျှက် ရှိပါသည်။စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ လ မှ ၂၀၂၀ ခုနှစ် ဇူလိုင် လ ထိ ငွေကြေးဝန်ဆောင်မှုများနှင့်ပါတ်သက်သည့် နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားမှု ( ၁၀၀ ) မှုကို လက်ခံဖြေရှင်း ဆောင်ရွ

စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Wesite တွင်ပါဝင်သော စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစနစ် (consumer complaint system) အသစ်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့ မှစတင်၍ အသုံးပြုလျှက် ရှိပါသည်။ အဆိုပါစနစ်တွင် တိုင်ကြားသူများအနေဖြင့် မိမိတို့၏တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှုအခြေအနေများအား အွန်လိုင်းအသုံးပြု၍ website မှတဆင့် စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၅/၂၀၂၀ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒု-ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အစည်းအဝေးတွင် သနပ်ခါးအမည်ခံအလှကုန် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိချက်များ
