သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Dec 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည်(၉.၁၂.၂၀၂၄)နေ့ ၊နံနက် (၁၁:၃၀)အချိန်တွင် ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် စားသုံးသူပြည်သူ (၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

26 Dec 2024

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိအခြေအနေကို မြေပြင်ကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၀.၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)အချိန်က မအူပင်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

26 Dec 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၁၂.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်အတူ ကြံခင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

26 Dec 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၁၀.၁၂.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

26 Dec 2024

             ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ၊ ပြည်ပပို့ကုန် (၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

Pages