သတင်းနှင့် လှုပ်ရှားမှုများ
(၁၃.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်က ပန်းတနော်မြို့မဈေး၊ အရှေ့ပိုင်းရပ်ကွက်ဈေး၊ အနောက်ပိုင်းရပ်ကွက်ဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၈) ဆိုင်သို့ ကွင်းဆင်းသွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေး၊ဈေးတန်းများရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကို သိရှိရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ငါန်းဇွန်မြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနနှင့်သက်ဆိုင်သည့် ဥပဒေပါအကြောင်းအရာများ၊ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များအား နေရာပေါင်းစုံရှိ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးသိရှိလိုက်နာမှုရှိစေရန် မိမိတို့ဌာနက ဦးဆောင်၍သော်လည်းကောင်း၊ အခြားသက်ဆိုင်ရာဌာနများ၏ ဦးဆောင်ပြုလုပ်မှုများတွင် ပူးပေါင်းပါဝင်၍သော်လည်းကောင်း အသိပညာပေးလျက်ရှိရာ (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ငါန်းဇွန်မြို့ရှိ၊ အမှတ်(၁)

ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကော့သောင်းမြို့ စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်ပေါင်း (၄၈)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၈)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၈၉) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၄၂) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
