သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးရှိ စားသုံးသူများအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.24_1.jpg?itok=wJfeEX6w)
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်၊ မင်းကွန်းဘုန်းကြီးကျောင်းဝန်းတွင် ဆန်ကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်တို့ပူးပေါင်း၍ သက်သာသောစျေးနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း၊ ဧည့်မထ (၁)ပြည်လျှင် ကျပ်(၃၂၀၀)ဖြင့် အိမ်ထောင်စု (၂၅၀)စုအတွက် ဆန်အိတ် (၂၀)အိတ်အား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ ဆန်စက်လုပ်ငန
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.23_1.jpg?itok=I4TeKbwm)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ ၊ညနေ(၁၅:၃၀)နာရီအချိန်တွင် အိမ်မဲမြို့ ပိတောက်ရွှေဝါလမ်း၊ချောင်းဝရပ်ကွက်တွင် Online Sale ရောင်းချနေသော ဆိုင်ရှင်ဦးသန့်ဇော်ဦး၏ (သင်းရနံ့)ဆိုင်အား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၂:၅၀)နာရီအချိန်တွင် Myat Ay Kan Co..,Ltd မှ အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 6P-6749) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၅)ပေပါ (သို့) ပိဿာ ၂၇၅၀ သည် အိမ်မဲမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဦးဝင်းဌေးဆန်ဆိုင်တို့တွင် ရောင်းချပေးနေသောဆန်များသည် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/23.20_1.jpg?itok=UnI-Hgjs)