သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အောက်တိုဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းဖြင့် Super Market, Mini Mart, Grocery တို့တွင် Consumer Packaging ပြုလုပ်ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ်ဈေးမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/119_14.jpg?itok=_4Ar4PXc)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဆိုင်အမှတ် (ရုံ(က)၂၁၂/၂၁၃/၂၁၄))သာကေတ(၁၀)ဈေး၊ သာကေတမြို့နယ်ရှိ ဝါဝင့်ကြည်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်မေသဇင်ဦးနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/120.png?itok=CnYp0TZa)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းထိုက် (စစ်ဆေးရေးအရာရှိ)၊မြို့နယ်တာဝန်ခံ ဦးမင်းဇော် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိ အချိုရည်အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/15.6_6.jpg?itok=zMLOPGoi)
မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို (၃၀.၉. ၂၀၂၄)ရက်နေ့တွင် လက်ပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှဝယ်ယူ၍ MV အာသာဝတီ ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ (၇.၁၀.၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/28_14.jpg?itok=jT6SCx2y)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၆၄၀)၊ အနော်မာ(၁၅/နောက်)၊ သာကေတမြို့နယ်ရှိ ဇီဝရှင်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်ခိုင်လဲ့လဲ့ဝင်းနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများအခြေအနေများကိုစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/119_0.png?itok=FOSXN5sy)