သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Sep 2024

      ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦး သည် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် ဆန်စပါးလုပ်ငန်း ရှင်များအသင်းမှ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

19 Sep 2024

     တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး နှင့်‌ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂.၉.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၌ PLTT တံဆိပ်ဖြင့် ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

19 Sep 2024

    ၁၆.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ စီမံရေးရာဌာနခွဲမှ ဦးစီးမှူး ဦးမင်းနောင်သည် MAB ဘဏ်မှတာဝန်ရှိသူနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

19 Sep 2024

    ၁၄.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ငန်းတေးတိုးချဲ့ လမ်းအနီး၌ ရပ်တန့်ထားသော Nissan Condor နှင့် Nissan Diesel ယာဉ် (၂) စီးအား မသင်္ကာ ဖွယ်ရာတွေ့ရှိရ၍ မွန်ပြည်နယ်အကောက်ခွန်ဦးစီးဌာနရုံးအတွင်းသို့ မောင်းနှင်ယူဆောင်၍ ၁၅.၉.၂၀၂၄ ရက်နေ့တွင် အဆိုပါပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေ

19 Sep 2024

    (၁၆.၉.၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရှင်စောပု(၂)ရပ်ကွက်နှင့်မြို့မစျေးအတွင်း ရောင်းချသည့် အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages