သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

            ၂၁.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံ မြို့နယ်၊ မုဒွန်းကျေးရွာ၊ လင်းယုန်ဦးမုန့်တိုက်ရှိ အလုပ်သမား (၁၂) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

24 Mar 2025

          ၂၁.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည်ရန်ပုံငွေမှ ထောက်ပံ့ချေးငွေ ငွေကျပ် (၁၀၀) သန်းချေးယူပြီး လည်ပတ် လျက်ရှိသော ရွှေဦးဝေ စပါးခွံအမှုန့်ကြိတ်စက်ရုံအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်ရုံ လည်ပတ်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

24 Mar 2025

           ၂၁.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေ၊ ဆန်တန်းရပ်ကွက်၊ မဟာသီရိလမ်းတွင် ဖွင့်လှစ်ထားသော “Amp Online Shop” ဆိုင်အား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

24 Mar 2025

           ၂၁.၃.၂၀၂၅ ရက်နေ့ နေလယ် (၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့ နယ်တာဝန်ခံ ဒုဦးစီးမှူး ဒေါ်အိဖြိုးသည် အစင်ကျေးရွာရှိ မုန်လာဥစိုက်ပျိုးရောင်းချသည့် တောင်သူဦးသားကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

24 Mar 2025

           ၂၁.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံ မြို့နယ်၊ မုဒွန်းကျေးရွာရှိ “လင်းယုန်ဦး” မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages