သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကိုင်းစိုက်တောင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍(၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အမှတ်(၅)ရပ်ကွက် ကမ်းနားလမ်းရှိ လက်လီ၊ လက္ကားဆန်အရောင်းဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့၊ (၉) ရပ်ကွက် ရွှေကမ္ဘာဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ််းများသည် (၁၅.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၄၅)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လူငယ်လေ့ကျင့်ရေးအားကစားကွင်းတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီရောင်းချပေးခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။