သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော စတိုးဆိုင်နှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၆.၃.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ပတ်တန်းကျေးရွာအုပ်စုရှိဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ (၃၆၀)ဦးအား စားသုံးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းများတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့မအုပ်စု၊ မင်းသီရိ(၂)ရပ်ကွက်ရှိ ထမင်းသုပ်ငန်းရှင် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ဗိုလ်ဘသိန်းလမ်း၊ ဥယျာဉ်တောင်ရပ်ကွက်ရှိ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
