သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ် (၁၁း၃၀) အချိန်တွင် အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေ အောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့ အတွက် (၁၄.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျွန်းလှမြို့နယ် ကျီကုန်းစံပြကျေးရွာရှိ အလယ်တန်းကျောင်းတွင် စ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ညွှန်ကြားချက်အရ ဦးစားပေးကုန်စည်(၁၀)မျိုးတို့တွင် နိုဝင်ဘာလအတွင်းစစ်ဆေးရမည့် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများအား စစ်ဆေးနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း အလှကုန်ပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေးနွေးခြင်းကို (၁၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာရှိ စားသုံးသူပြည်သူများအား အင်းကောင်းကျေးရွာ စာသင်ကျောင်းရုံးခန်းတွင် ကျင်းပ ပြုလုပ် ခဲ့ပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။