သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည်  စျေးကွက်အတွင်း တရားမဝင်သောက်ရေ သန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မလှိုင် မြို့နယ် အတွင်း စန်းမေတ္တာ ရေသန့်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

19 Feb 2025

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် သာစည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ရမည်းသင်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်နံနက် (၁၀:၃၀) ချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

19 Feb 2025

          စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်း လုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့

19 Feb 2025

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ကုက္ကိုလ်ပေါက် (အလက) ကျောင်းမုန့်ဈေးတန်းတွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နံနက်(၁၁၃၀)နာရီချိန်တွင် ဝန်ဇင်း (အလက) ကျောင်းမှ ဆရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

19 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ဧရာဝတီ အသင့်စားငါးပိလုပ်ငန်း လုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့်   ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ ပါသည်။

Pages