သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ စားသုံးသူကာကွယ်ရေးအသိပညာပေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ၁-၇-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ဈေးရုံ၌ ဧရာ၀တီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်၍ ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါ၀င်သော မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီပူးပေါင်းအဖွဲ့များသည် ရှောင်တခင်၀င်ရောက်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့ဖြင့် ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာရှိ စည်ပင်သာယာဈေးအနီးတွင် ယာယီအရောင်းဆိုင် အဖြစ်ရောင်းချနေသော ဆန်၊ စပါးကုန်သည်များ၏ ဆန်အရောင်းဆိုင်မှ ဒေသခံ စားသုံးသူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချနေမှုအား ကွင်းဆင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပန်းတနော် မြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာနတို့သည် (၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က ပန်းတနော် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပန်းတနော်မြို့နယ် ဆန်ကုန်သည် များအသင်းကို ဖိတ်ကြား၍ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ရောင်းချသူ ဆန်ဆိုင်လုပ်ငန်းရှင်များ အပါအဝင် (၅၆)ဦး နှင့် တွေ့ဆုံ၍ ဆန်နှင့် အခြေခံစား သောက်ကုန်များ တည်ငြိမ်ကျဆင်းရေးအတွက် ဆွေးနွေး ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၂-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။