သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို သိရှိနိုင်ရန် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၂၀)၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ မြန်မာအင်ဖိုချန့်ဖိနပ်စက်ရုံ လုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ရာလုပ်ငန်းသည်

09 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ပြည်မြို့နယ်ရှိ အောင်မင်္ဂလာဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်ရှိ မင်းတဲကျွန်းအုပ်စု၊

09 May 2024

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊

09 May 2024

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာဈေးအတွင်း စားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်ကြီးများ ဈေးအတွင်း/အပြင် စားအုန်းဆီရောင်းချဖြန့်ဖြူးပေးလျှက်ရှိသော ကုန်ခြောက်ဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူများအလွယ်တကူဝယ်ယူရရှိနိုင်ရန်နှင့် ရည်ညွှန်းဈေးအပေါ် သတ်မှတ်ထားသည့် အမြတ်(၂)ရာခိုင်နှုန်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မားမှုဖြင့် ထပ်ဆေ

09 May 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်များတွင် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား မေလ(၃)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages