ကုန်သွယ်မှုသတင်းများ
မြင်းခြံခရိုင် မြင်းခြံမြို့တွင် MSME လုပ်ငန်းများမှ တချို့ဖြစ်သော ပဲကြော်လုပ်ငန်း၊ မုန့်ကြွပ်ကြော်လုပ်ငန်းများ၊ အာလူးကြော်လုပ်ငန်းများသည် ဒေသခံများအတွက် အလုပ်အကိုင်များ ရရှိ၍ မိသားစုစားဝတ်နေရေးတဖက်တလမ်းမှ အထောက်အပံ့ရရှိလျက်ရှိပါသည်။ ပဲကြော်လုပ်ငန်း များ လုပ်ကိုင်ရာတွင် ပဲများကိုရေစိမ်ပြီး အခွံချွတ်ရသည့်အတွက် လုပ်သားအနည်းဆုံး(၁၀) ဦးမှ(၃၀)ဦး ခန့်ဖြင့် ပုံမှန်လုပ်ကိုင်နေရပြီး အော်ဒါအမှာများလျှင်ဖြစ်စေ၊ ဈေးကွက်ဝယ်လိုအား ကောင်းလျှင်ဖြစ်စေ လုပ်သားအင်အားများ ပိုမိုအသုံ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာမြေဒေသဖြစ်သည်နှင့်အညီ အညာဒေသ ထွက်နွေဦးရာသီတွင် ထွက်ပေါ်လေ့ရှိသော ညောင်ရွက်၊ဂွေးတောက်ရွက်၊သရက်ကင်းနှင့်ထနောင်း ရွက်နုများထွက်ပေါ်သောအချိန်ဖြစ်ပါသည်။ ရာသီစာဖြစ်သည့်အတွက် ပေါ်ဦးပေါ်စ ထနောင်းရွက် နုနုကလေးများကိုပြုတ်၍ ရောင်းချလျှက်ရှိပါသည်။ အညာဒေသဖြစ်သည့်အတွက် ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချပါသည် ။ ထနောင်းရွက် တစ်ပုံလျှင်(၅၀၀)ကျပ်ဖိုးရရန်အတွက် ခူးရသည်မှ

မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ပဲ၊ ပြောင်း၊နှမ်းစသည့် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကိုလည်း နှစ်စဉ်ရာသီအလိုက်စိုက်ပျိုးကြပါသည် ။ ၄င်းသီးနှံများအနက်မှ ဆေးဘက်ဝင် ဟင်းချက်စားသုံး၍ ရသောရုံးပတီသီးနှံများကို ယခင်က မိသားစုစားသုံးရန်နှင့်အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီသီးသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ နနွင်းများ စိုက်ပျိုးသည့်အပြင် ပဲမျိုးစုံသီးနှံကိုလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ပဲမျိုးစုံသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကိုလည်းတောင်သူများ တိုးချဲ့စိုက်ပျိုးလာကြပါသည်။ဆောင်းမြေပဲ စိုက်ဧကအနေဖြင့် ခရိုင်အတွင်း(၁၁၅၇)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင်(၅၆)ဧကစိုက်ပျိုး ထားရှိပြီး ယခု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးလာကြပါသည်။ ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်းနှမ်းစိုက်ဧက ခရိုင်အတွင်း(၁၁၈၆၇)ဧကစိုက်ပျိုးထားရှိပြီး ဖေဖော်ဝါရီလ ပထမအပတ်မှစတင်၍ ရိတ်သိမ်းလျှက်ရှိပါသည်။စဉ့်ကိုင်မြို့နယ်တွင်(၁၀၈၈)ဧက စိုက်ပျိုးထားရှိ ကြောင်း ၊ ရိတ်ဧကအနေဖြင့်(၁၀၀၅)ဧကရိတ်သိမ်းပြီး အထွက်တင်းအနေဖြင့် (၉-၁၀)တင်းထွက်ရှိ ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်
