ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Feb 2025

       ယခုဇန်နဝါရီနောက်ဆုံးပတ်တွင် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်းမှ မိုးစိုက်ကြက် သွန်နီများ ဝင်ရောက်မှုများနေကြောင်းသိရပြီး တစ်ရက်လျှင် အောင်လံ၊ တောင်တွင်း၊ စစ်တလင်း ဘက်မှ ကြက်သွန်နီပိဿာချိန် (၇၀၀၀)ခန့် ရေနံချောင်းကြက်သွန်နီ ပိဿာချိန် (၄၀၀၀) ခန့်နှင့် ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီ ပိဿာချိန် (၅၅၀၀)ခန့် အဝင်ရှိပြီး စုစုပေါင်း တစ်ရက်ကိုပိဿာ ချိန် (၁၆၅၀၀)ခန့် အဝင်ရှိနေကြောင်း သိရှိရပါသည်။ အဝင်များ လှိုင်လှိုင်ဝင်ရောက်နေသဖြင့် ပြည် ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်များနေပ

04 Feb 2025

          တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် ဘိလပ်မြေပြတ်လပ်မှု မရှိသော်လည်း ဈေးနှုန်းအနဲငယ်မြင့်တက်ခဲ့ပြီး ထားဝယ်မြို့တွင် ဈေးနှုန်းမြင့်တက်ရုံသာမက ဘိလပ်မြေ ပြတ်လပ်မှုများပါ ဖြစ်ပေါ်ခဲ့ပါတယ်။

          ထားဝယ်မြို့တွင် ပြီးခဲ့သည့်အပတ်  (၂၇.၁.၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေများ ပြတ်လပ်လျက်ရှိ ပြီး တစ်အိတ်လျှင် (၂၈၀၀ဝိ/-)မှ (၃၈၀၀ဝိ/-) ခန့်အထိ ဈေးနှုန်းများမြင့်တက်သွားခဲ့ပါသည်။

04 Feb 2025

          ကမ္ဘောဒီးယားနိုင်ငံ၏ ဥရောပသမဂ္ဂ(EU) နှင့် ဗြိတိန်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရ၏ နောက်ဆုံးရ  အချက်အလက်များအရသိရသည်။ (EU) သို့ ကမ္ဘောဒီးယားပို့ကုန်သည် ၂၀၂၃ ခုနှစ် တွင် ကန်ဒေါ်လာ ၃.၇ ဘီလီယံမှ ကန်ဒေါ်လာ ၄.၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (EU) မှသွင်းကုန်သည် ကန်ဒေါ်လာ ၉၄၉ သန်းမှ ၃.၃ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။ ဗြိတိန်

04 Feb 2025

            ဂျပန်ကုမ္ပဏီ Nippon Koei Business Partners သည် သီဟိုဠ်စေ့နှင့် အခွံများကို ရှာလကာရည်နှင့် ဆီအဖြစ်ပြုပြင်ခြင်းတွင်အသုံးပြုရန် ကမ္ဘောဒီးယားနိုင်ငံ၏သီဟိုဠ်စေ့ ထုတ်လုပ်တင်ပို့ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စာမှုကိုပြသခဲ့ပြီး ကျန်ရှိသောစွန့်ပစ်ပစ္စည်းများကို တိရိစ္ဆာန်စာအဖြစ်ပြန်အသုံးပြုမည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Chea Vuthy နှင့် Nippon Koei Business

04 Feb 2025

          အိုမန်နိုင်ငံ၏ ရေနံတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စည်ပေါင်း ၃၀၈.၄၂ သန်းခန့်ရှိပြီးတစ်စည် လျှင်ပျမ်းမျှစျေးနှုန်း ၈၁.၂ ဒေါ်လာရှိကြောင်း အမျိုးသားစာရင်းအင်းနှင့် သတင်းအချက်အလက် ဗဟိုဌာန (NCSI) မှ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့်စာရင်းဇယားများအရသိရသည်။

Pages