ကုန်သွယ်မှုသတင်းများ
သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လက်ဖက်ခြောက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉% ကျော်တိုးမြင့်လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်နေ့က ဖော်ပြချက်အရသိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်တွင် မုန့်ဖုတ်ဆိုင်များ၊ ပီဇာဆိုင်များနှင့် အခြားအစားအစာ လက်လီရောင်းချသူအများအပြားတို့သည် နို့ထွက်ပစ္စည်းများအား သိုလှောင်ထားသောကြောင့် နယူးဇီလန် နို့ထွက်ပစ္စည်းများအတွက် ဝယ်လိုအားကို တွန်းအားပေးလျက်ရှိသည်။ တရုတ်နိုင်ငံရှိ စားသောက်ကုန်ဝန်ဆောင်မှုပါဝင်ပစ္စည်းများ ၀ယ်လိုအားသည် ဤကာလအတွင်း အားကောင်းခဲ့ပြီး တရုတ်နိုင်ငံတွင် Fonterra ၏ စားသောက်ကုန်ဝန်ဆောင်မှုရောင်းချမှုသည် လျင်မြန်စွာ ဆက်လက် ကြီးထွားလာရန် မျှော်လင့်ထားကြောင်း Dai က ပြောကြားပြီး ကမ္ဘာ့နို့ထွက်ပစ

ကင်ညာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်းခုနစ်ခုအား ၂၄ ရက်နေ့က စတင်လည်ပတ်ရန်ဆောင်ရွက်ခဲ့သည်။ ကင်ညာအခွန်အာဏာပိုင် မှ အကောက်ခွန်နှင့် နယ်စပ်ထိန်းချုပ်ရေး ကော်မရှင်နာ Lilian Nyawanda က ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် အဝင်အထွက် ဂိတ်အသစ်များသည် ယူဂန်ဒါ၊ တန်ဇန်းနီးယားနှင့် အီသီယိုးပီးယားတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျှက် တည်ရှိနေကြောင်း သတင်းထောက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ လကုန်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ မတ်ပဲများ စတင်ဝင်ရောက်ခဲ့ပြီး လကုန

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဘိလပ်မြေ အနည်းငယ်ပြတ်လတ်မှု၊ အဆင့်ဆင့်သယ်ယူရမှုတို့ကြောင့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၂၀၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
