ကုန်သွယ်မှုသတင်းများ
သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင် အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသ

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး၊ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ မုံလာထုပ်၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက

