ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ ပခုက္ကူမြို့တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များမှ ကျေးရွာများနှင့် အခြားတိုင်းဒေသကြီးမြို့နယ်များမှထွက်ရှိသော နွေနှမ်းသီးနှံများ တစ်ရက်လျှင် ပိဿာ (၃၀)ဝင်အိတ် (၂၀၀-၃၀၀)ခန့်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုများသော ကျေးရွာများနှင့် အခြားမြို့နယ် များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့များမှထွက်ရှိသော ကြက်သွန်နီများလည်းဝင်ရောက်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပိဿာချိန်(၅)သောင်းမှ (၁)သိန်းခန့်၊ တစ်ပတ်အတွင်း စုစုပေါင်းပိဿာချိန်(၅)သိန်းခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လက်ပံတောကျေးရွာ၌ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများကို စိုက်ပျိုးကြပြီး တောင်သူ (၁၀)ဦးခန့်အနေဖြင့် မြေပဲစိုက်ဧက(၁၅၀)ဧကကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် စတင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ တောင်သူ(၄၀)ဦးအနေဖြင့် ဆောင်းသီးနှံပဲကြီးဖြူစိုက်ဧက(၅၀)ခန့်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)မှ စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
