ကုန်သွယ်မှုသတင်းများ
မန္တလေးမြို့ဈေးကွက်အတွင်း ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်လာသည့် ထန်းသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါထန်းသီးများကို ယခုရာသီကာလတွင် ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာမြို့နယ် ထန်းစိုက်တောင်သူများထံမှ မှာယူ၍ ရောင်းချခြင်းဖြစ်ပြီး ထန်းသီးတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်း၊ တစ်ထောင်ကျပ်ဖိုး ဝယ်ယူလျှင် သုံးလုံးနှုန်းဖြင့်လည်းကောင်း၊ ထန်းသီးဆံ သီးသန့်ဝယ်ယူလိုသူများအတွက် တစ်ထောင်ကျ

မန္တလေးစျေးကွက်သို့ မေလပထမပတ်အတွင်း ခရမ်းချဉ်သီးဝင်ရောက်သည့်အပေါ် မူတည်၍ စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါတယ်။ ခရမ်းချဉ်သီးဝင်ရောက်မှုအနေဖြင့် အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ မှ ကိုင်းသီးနှင့် ဘောလုံးသီးများဝင်ရောက်ပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ခရမ်းချဉ် သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး

ဆောင်းစိုက်နွေကြက်သွန်ကို မြင်းခြံ မြို့နယ်တွင် (၈၆၀၀) ဧက ၊ နွားထိုးကြီးမြို့နယ်တွင် (၂၃၉၄)ဧက ၊ တောင်သာမြို့နယ်တွင် (၉၂၀၄) ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှသိရသည်။ ဈေးနှုန်းအနေဖြင့် မေလပထမပတ်တွင် ဆောင်းစိုက် နွေကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင်(၁၃၀၀-၁၄၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၁၁၀၀-၁၂၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင်(၇၀၀-၈၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယပတ် တွင် နွေကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ် (၁၂၀၀ - ၁၃၅၀) ၊ အလတ်တစ်ပိဿာလျှင

ကုန်စိမ်းစျေးကွက်အတွင်း မေလပထမပတ်တွင် သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှု များပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာ တောင်အင်းမြောက်အင်းကျေးရွာ၊ မိချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့်သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့်အသီး များ ပိုမိုဝင်ရောက်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်း ဒေသကြီး တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။
