ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Mar 2022

        မြန်မာနိုင်ငံ၏အလယ်ပိုင်း အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင်ပါဝင်သော မြင်းခြံခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို အဓိကထား စိုက်ပျိုးလေ့ရှိကြပါသည်။ကုလားပဲစိုက်ပျိုးမှုအနေဖြင့် ဗမာကုလားပဲ(ဝါ)၊အထွက်တိုး ကုလားပဲ၊ကုလားပဲဖြူလုံးကြီးခေါ် V2၊V7၊929 စသည်ဖြင့် အမျိုးအစားများစွာ စိုက်ပျိုးကြပါသည်။ကုလားပဲသီးနှံကို စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ၊ဖေဖော်ဝါရီလ၊မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိကြောင်း သိ

09 Mar 2022

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ထန်းပင်အများဆုံး စိုက်ပျိုးထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ထန်းပင် စိုက်ပျိုးမှုအနေဖြင့်(၄၁၇၂)ဧကရှိ ‌ကြောင်းသိရှိရပြီး ယခင်နှစ်များက ထန်းလှီးတောင်သူ နည်းပါး ခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ထန်းလျက်ထွက်ရှိမှုနည်းခဲ့ပါသည်။ယခုနှစ်တွင် ထန်းလှီးတောင်သူများ တိုးလာပြီး မိုးကောင်းမွန်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်း သုံးဆခန့် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းကြောင်း

08 Mar 2022

         မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီ စီးပွားရေးအချက်အခြာကျသောဒေသဖြစ်ပါသည်။မြို့နယ်၏အဓိကထွက်ကုန်မှာ ဆန်၊ စပါးနှင့်ပဲမျိုးစုံဖြစ်ပြီး ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ဆည်တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်သည့်အတွက်   ဆည်ရေသောက်နည်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး နွေစပါး ၊ မိုးစပါး နှစ်ရာသီလုံးစိုက်ပျိုး ထွက်ရှိရာဒေသဖြစ်ပြီး ဆန်ပိုဒေသလည်းဖြစ်ပါသည်။ စပါးမျိုးကွဲများအန

08 Mar 2022

             မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင်  မိတ္ထီလာမြို့၊ ရန်မျိုးအောင်၊ စပယ်ဦးရပ်ကွက်၊ နယ်မြေ (၁)၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

08 Mar 2022

                  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) အချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသ၊ စပျစ်စိုက်တောင်သူနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။

Pages