ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2022

           ဘုရားကျောင်းကန်များတွင် ဘုရားပန်းလှူသည့်အခါ သပြေပန်းကို အများဆုံး ကပ်လှူလေ့ရှိကြပြီး လက်ရှိပြည်တွင်းပန်းဈေးကွက်တွင် မြန်မာသပြေဟုခေါ်သည့် အောင်သပြေညွန့်အပြင် သပြေငုတ်၊ အညွန့်လေးများ ရဲရဲတောက်လှနေသော အာဆီယံသပြေအစရှိသည့် သပြေပန်းမျိုးစုံကလည်း သူ့ ဈေးကွက်နှင့်သူ နေရာယူလျှက် ရှိပါသည်။

19 May 2022

            ဆိပ်ဖြူမြို့ ပတ္တမြားဈေးမြောက်ဘက်ရှိ မန်ကျည်းမှည့်ပွဲရုံများတွင် သီးနှံပေါ်စ ဇန်နဝါရီလမှ စ၍ ယခုမေလအထိ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ် ဒေသတွင်းရှိ နေရာအနှံ့အပြားမှ ဝင်ရောက်လျက်ရှိပြီး မန်ကျည်းမှည့် (အစေ့လွတ်/လုံးတည်းအစေ့ပါ) နှစ်မျိုး ဝင်ရောက်ကြောင်း၊ သီးနှံပေါ်စတွင် မန်ကျည်းမှည့်လုံးတည်း(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အစေ့ လွတ်(၁)ပိဿာလျှင်(၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် ဈေးနှုန်းများ မြင့်တက်၍ ယခုမေလတွင် မန်ကျည်းမှည့် လုံးတ

19 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁5.5.၂၀၂၂)ရက်နေ့တွင် နမ့်ဆန်မြို့၊ ရပ်ကွက်(3)နေ ဦးမြတ်မောင်၏ အောင်မြင်ဖြစ်ထွန်းနေသည့် လက်ဖက်စိုက်ခင်းသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပါသည်။

19 May 2022

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ ထုံးတောင်ကျေးရွာအုပ်စုနှင့် ပျဉ်ထောင်ကျေးရွာအုပ်စုတို့တွင် ကြက်သွန်နီအများဆုံး စိုက်ပျိုးလျက်ရှိကြပြီး အခြားကျေးရွာအုပ်စုများမှာ အနည်းငယ်သာစိုက်ပျိုးရောင်းချကြပါသည်။သို့ရာတွင် ယခုနှစ်ရာသီဥတုအခြေအနေမှာ ကောင်းမွန်လာပြီး ကြက်သွန်နီအရွယ်အစားလည်းလှလာသောကြောင့် ပြည်၊ မြောင်းမြနှင့် ရန်ကုန်မြို့များမှ ဝယ်လိုအားကောင်းလျှက်ရှိပါသည်။

19 May 2022

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လှိုင်သာယာရပ်ကွက်တွင် ကြက်ဟင်းခါးသီးပင်များအား မိုးဦးကျကာလတွင် စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

Pages