ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Mar 2022

          ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များအတွင်းတွင် ပဲတီ ရွှေဝါနှင့် ရေဆင်းမျိုးများ မတ်လဆန်းမှစ၍ ဈေးနှုန်းများမြင့်တက်လာနေကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မတ်လဆန်းအထိ ပဲတီစိမ်း ( ၃၅၄၇၂၈ ) ဧက စိုက်ပျိုးထား ရှိပြီး (၁၇၂၃၇၉)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

14 Mar 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးသည် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”နှင့် ပူးပေါင်း၍ (၃.၃.၂၀၂၂) ရက်နေ့မှ (၇.၃.၂၀၂၂) ရက်နေ့အထိ အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ရာသက်ပန်ကုန်အမှတ်တံဆိပ်ဆီဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

14 Mar 2022

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

14 Mar 2022

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ (၄)ရက်နေ့မှ မတ်လ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထို

14 Mar 2022

            မန္တလေးတိုင်း‌‌ဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ၊ မှိုင်းဟင်ကျေးရွာတွင် ယခင်ဘိုးဘွားများလက်ထပ်ကတည်းက ဝါးနှီးဖျာများကို ယက်လုပ်၍ အသက်မွေးဝမ်းကြောင်းပြုကြကြောင်း သိရှိရပါသည်။ဝါးအမျိုးအစား အမျိုးမျိုးရှိသော်လည်း ဝါးနှီးဖျာယက်လုပ်ရန်အတွက် မျှင်ဝါး ကိုသာအသုံးပြုပါသည်။ ဝါးနှီးဖျာယက်လုပ်ရာတွင် နှီးအကြောဖျာ ၊ နှီးအောက်ဖျာ ၊ နှီးသားဖျာ ဟူ၍(၃)မျိုး ယက်လုပ်နိုင်ကြောင်း၊ ဝါး(၁၅)လုံး နှီးနွှာပြီး ယက်လုပ်ရာတွင် နှီးကြောဖျာ(၁)ချပ်နှင့် နှီးအောက်ဖျာ(၂)ချပ်ရရှိကြောင်း၊ န

Pages