ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံတွင် သရက်သီးအမျိုးအစားပေါင်း များစွာရှိသည့်အနက် ပြည်မြို့၏ တစ်ဖက်ကမ်း ရွှေဘုံသာရွာ၊ မကျည်းစုရွာ အစရှိသည့် အနီးအနားရွာများမှသာ ထွက်ရှိသော သရက်သီးအမျိုးအစားမှာ ဘုတ်ထုံသရက်သီးဖြစ်ပါသည်။ ယခု၂၀၂၃ခုနှစ်၊ မေလဆန်းတွင် စတင်ထွက်သည့်အချိန်တွင် ဘုတ်ထုံသရက်သီးဈေးမှာ အလုံးချော (၁၀)လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး (၁၀)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ဘုတ်ထုံသရက်သီး၏ အရသာမှာ အချိုလေး၍ အနံ့မှာမွှေးပြီး ကြိုက်နှစ်သက်သူများအနေဖြင့် အခြားသရက်သီးများအာ
ပဲခူးတိုင်း၊ ပြည်မြို့သည် သရက်သီးဈေးကွက်တွင် တွင်ကျယ်စွာရောင်းဝယ်ဖောက်ကားသော မြို့တစ်မြို့ ဖြစ်ပါသည်။ သရက်သီးပေါ်ချိန်ဆိုလျှင် ပြည်ဈေးကွက်အတွင်းတွင် သရက်သီးအမျိုးအစား စုံလင်စွာရရှိပြီး သီးနှံအရည်အသွေးကောင်းသောကြောင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ ရောင်းချကြ ပါသည်။ ပြည်ဒေသထွက် မြကျောက်သရက်သီးသည် အရည်အသွေးကောင်းပြီး ပြည်မြို့သို့လာရောက် လည်ပတ်သူများက ပြည်မြို့ပြန် လက်ဆောင်အဖြစ်ဝယ်ယူကြသည့်အပြင် ဒေသခံပြည်သူတွေကလည်း ဒေသထွက်ပစ္စည်းအဖြစ်တန်ဖိုးထားပြီး လက်ဆောင်ပေးခြင်းတို့အတွက် အထ
အွန်လိုင်းပေါ်တွင်ဈေးရောင်းချခြင်းသည် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အတွက် အချိန်ကုန်သက်သာစေပြီး ကိုယ်လိုချင်သောပစ္စည်းကို အချိန်အခါမရွေး ဝယ်ယူစားသောက်နိုင်မှာဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း ကိုယ်ရောင်းချသောပစ္စည်းကို အွန်လိုင်းပေါ်တွင် တင်၍ရောင်းချ ခြင်းကြောင့် ဆိုင်နေရာရှာစရာမလိုဘဲ မိမိအိမ်မှာ နေရင်းပင် ဝင်ငွေရသောလုပ်ငန်းဖြစ်ပါသည်။ ပြည်မြို့ပေါ်တွင် အွန်လိုင်းပေါ်မှ ဈေးရောင်းချသော လုပ်ငန်းရှင် အများအပြားရှိပါသည်။ ယခုကဲ့သို့ ရောင်းချခြင်းကြောင့် ယခင်ကမြို့များကို
တိုင်ထောင်ပဲ(ခေါ်) ပဲထောင့်ရှည်(ခေါ်) ပဲသီးဈေးနှုန်းများမှာ ပြည်ဒေသဈေးကွက်အတွင်း အဝင်နည်းပါးမှုကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ပဲသီးတစ်စည်းလျှင် ယခင်ဈေးထက် ပျမ်းမျှ ကျပ်(၁၅၀)ခန့်မြင့်တက်သွားကြောင်း သိရပါသည်။ ပဲသီးကိုမြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး ရာသီဥတုသင့်တင့်သော ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ရေရရှိပါက အချိန်မရွေး စိုက်ပျိုးနိုင်သော်လည်း မိုးရာသီတွင်စိုက်ပျိုးပါက ရေမဝပ်သောမြေနေရာကို ရွေးချယ်စိုက်ပျိုးသင့်ပြီး ရေဝပ်သောမြေဖြစ်
ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ပျမ်းမျှတစ်ပတ်ကို ကျပ် (၂၀၀)ခန့် ဧပြီလဆန်းပိုင်းမှစ၍ တရိပ်ရိပ်မြင့်တက်လျက်ရှိပါသည်။ ယခင် ဧပြီလဆန်းပိုင်းတွင် တစ်ပိဿာကို လက်လီဈေး ကျပ် (၁၂၀၀-၁၄၀၀)ရှိရာမှ ယခုကာလတွင် ကျပ် (၁၈၀၀-၂၀၀၀)ထိ မြင့်တက်လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာချိန် (၅၅၀၀၀)ခန့် အဝင်ရှိနေကြောင်းသိရသည် ။ ပွဲရုံလက်ကား ဈေးတစ်ပိဿာကို(ကြီး/လတ်/သေး)ကျပ် (၁၅၀၀-၁၆၀၀-၁၇၀၀)တို့ရှိပ