ကုန်သွယ်မှုသတင်းများ
ပြည်ကြက်သွန်ဖြူ ပွဲရုံများတွင် မန္တလေးဘက်မှ ဝင်ရောက်လာသော ကြူကုတ်များဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး ရှမ်းပြည်ဘက်မှအဝင်ရှိသော ရှမ်းစများမှာ လက်ကျန်နည်း၍ အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။ ရှမ်းစများထွက်ရှိရာ ရှမ်းပြည်နယ်ရှိမြို့နယ်များ၌ပင် လက်ကျန် နည်းနေသည့်အတွက် အဝင်မရှိတော့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြူကုတ်များကို မန္တလေး ဘက်မှ တစ်ပတ်လျှင် အိတ် (၂၀၀-၃၀၀)အတွင်း အဝင်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင် ရှမ်းစများလက်ကျန်အနည်းငယ်သာရှိသောကြောင့် (ပွဲရုံ)လက်ကားဈေး တစ်ပိဿာလျှင် (၆၀၀၀-၆၅၀၀)
ပြည်မီးဖိုချောင်သုံးသီးနှံဈေးကွက်တွင် အာလူးဈေးမှာ ငြိမ်နေဆဲဖြစ်ပါသည်။ ပွဲရုံ (လက်ကား ဈေး) တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဈေးရှိပြီး လက်လီဈေး တစ်ပိဿာလျှင် ကျပ် (၂၄၀၀-၂၈၀၀)ဖြင့် ဈေးငြိမ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ မန္တလေးဘက်မှ တရုတ်အာလူးများ တစ်ပတ်လျှင်အိတ် (၂၀၀/၃၀၀)အတွင်း အပတ်စဉ်အဝင်ရှိနေပြီး ရှမ်းအာလူးများ အဝင်နည်းနေသေးကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလုပ်ငန်းရှင်များ၊ လက်လီဝယ်ယူသူများနှင့် ခရိုင်အတွင်း အခြားမြို့နယ်များသို့ တင်ပို့ရောင်းချနေပြီး ယခုတစ်
ပြည်ဈေးကွက်သို့ နှမ်းများဝင်ရောက်မှုမရှိ၍ ယခင်လှောင်နှမ်းလက်ကျန်များဖြင့်သာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာဈေးကွက်တွင် ပစ္စည်းလက်ကျန်ရှားပြီး ဆီစက်သမားများက ဆီကြိတ်ရန်ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ စမုံနက်နှမ်းနှင့် နှမ်းနက်ကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်သော်လည်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ပြည်ဈေးကွက်ရှိနှမ်းများကို အညာဒေသများမှ ဆင်း၍ဝယ်ယူမှုရှိသဖြင့် ယခင်လှောင်နှမ်းလက်ကျန်များဖြင့်သာ အရေ
ပြည်ခရိုင်တွင် မိုးစိုက်ဧက (၂၂၆၄၉၆)ဧကစိုက်ပျိုးရိတ်သိမ်းပြီး ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၇၆)တင်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်ရှိ စပါးဈေးနှုန်းများမှာ (၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၂၅၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်ဖြစ်ပြီး၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင်လည်း ယင်းဈေးအတိုင်း ရောင်းချလျက်ရှိပါသည်။ ရွှေတောင်မြို့နယ်တွင် စပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ဆန်တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်ဈေးဖြင့် ရောင်းချသဖ
မြန်မာလူမျိုးများအနေဖြင့် မီးဖိုချောင်သုံးကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးစိမ်းနှင့် ငရုတ်သီးခြောက်မှာ ဟင်းချက်ရာတွင်မပါမဖြစ်ပါဝင်သော အမယ်တစ်မျိုးတစ်မျိုးဖြစ်ပါသည်။ ငရုတ်သီးခြောက်ကို ဟင်းများအရောင်လှစေရန်အတွက် အရောင်တင်မှုန့်ပြုလုပ်၍လည်းကောင်း၊ ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်သီးအလှော်မှုန့်များပြုလုပ်၍လည်းကောင်း အသုံးပြုကြသလို ငရုတ်သီးစိမ်းကို ငပိနှင့်ထောင်း၍ ငပိထောင်းများလုပ်ကာစားသောက်ခြင်း၊ သနပ်များ ၊ အသုပ်စုံများတွင် ထည့်သွင်းအသုံးပြုကြသဖြင့် စားသုံးမှုများသော ကုန်