ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၃.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃၀.၃.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီဈေးနှုန်းတို့ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်အပတ်(၄၅) ပိဿာ(1)အိတ်လျှင်(၁၅၀၀၀ဝိ/-) ယခုအပတ်(၁၅၅၀၀ဝိ/-)ရှိခဲ့၍ (၅၀၀ဝိ/-)ဈေးနှုန်းမြင့်ခဲ့ပြီး နှမ်း(စမုံနက်) ဈေးနှုန်းမှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက်(၁၂၅၀)အိတ်၊ နှမ်းပြာ(၄၅၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်တို့ ဖြစ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ် စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီ ပိဿာချိန် (၁၆၅၀၀)အား တစ်ပိဿာလျှင် ၅၈၆၀ ကျပ်နှုန်းဖြင့် မတ်လ ၂၆ မှ ၃၁ ထိ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင် ၊ မုတ္တမမြို့နယ်များအတွင်းရှိ စည်ပင်သာယာဈေးများမှတစ်ဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၅.၃.၂၀၂၂)မှ ယခုအပတ်(၃၁.၃.၂၀၂၂)ထိ နှမ်းမျိုးစုံအနေဖြင့် နှမ်းနက်(စမုံ)၊ နှမ်းနက်(ရိုးရိုး)နှင့် နှမ်းညိုကြားတို့သည် စျေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၅၇၃၀ဝိ/) ယခုအပတ်(၆၁၆၀ဝိ/-)ဖြစ်၍ (၄၃၀ဝိ/-) စျေးမြင့်ခဲ့ပြီး နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၆၀၀၀ဝိ/-) ယခုအပတ် (၆၃၃၀ဝိ/-) (၃၃၀၀)စျေးမြင့်၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၅၁၆၀ဝိ/-) ယခုအပတ်(၅၅၀၀ဝိ/-)(၃၄၀ဝိ/-) စျေးနှုန်းမြင့
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ(၂၂)ရက်နေ့မှ (၂၈) ရက်နေ့ထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်ဆည်၊ မြစ်သားမှ ပဲမြစ် တစ်ပိဿာ ကျပ် ၁၄၀၀ မှ ၁၃၀၀၊ ပဲခူးမှ ပိန္နဲသီး အလုံးကြီး တစ်လုံး ကျပ် ၂၅၀၀၀ အလုံးလတ် ကျပ် ၁၅၀၀၀၊ အလုံးသေးတစ်လုံး ကျပ် ၁၀၀၀၀ မှ ၇၀၀၀၊ အသုတ်၊ ကျောင်းကုန်း၊ ခရမ်းမှ ဖရဲသီး ၈၅၅ အလုံးကြီး တစ်လုံး ကျပ် ၆၅၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မှော်ဘီနှင့် တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ်