ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ပန်းဂေါ်ဖီပင်ကို တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုစားဝတ်နေရေး အပိုဝင် ငွေရရှိရန် တိုင်ထောင်သခွားပင်ကို စိုက်ပျိုးလျက်ရှိသည်ကို သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရာသီစာ ထောပတ်သီးများ ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးများကို ရှမ်းပြည်နယ်၊ တောင်ကြီး၊ မန္တလေး၊ ပြည်ဦးလွင်စသည့် ဒေသများမှ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ဒီဇင်ဘာလ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အသေး(၁)လုံး (၅၀၀)ကျပ်၊ ထောပတ်သီးအကြီး (၁)လုံးလျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
ကလေးမြို့နယ်တွင် နိုဝင်ဘာလ အစောပိုင်းမှစ၍ ကောက်ညှင်းကျဉ်တောက်ခေါ် ပေါင်းသင်းဝါးများ ဈေးကွက်အတွင်း ဝင်ရောက်ရောင်းချလာပါသည်။ ပေါင်းသင်းဝါး ပေါ်စတွင် တစ်ဆစ်လျှင် (၁၀၀၀)ကျပ်ခန့်ပေးရပြီး ယခုလှိုင်လှိုင်ပေါ်သည့်အချိန်တွင် ပေါင်းသင်းဝါး တစ်ဆစ်လျှင် (၃၀၀)ကျပ်ခန့်ပေး၍ ဝယ်ယူရပါကြောင်း ၊ကောက်ညှင်းအဖြူအသစ် တစ်ပြည်လျှင် ( ၆၀၀၀ ) ကျပ်၊ ကောက်ညှင်းအနက် တစ်ပြည် (၆၅၀၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။