ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အတွင်း ယခုဒီဇင်ဘာလပထမအပတ်တွင် ပြည်မုန်လာဥဖြူများ ဆောင်းရာသီသီးနှံအဖြစ် အဝယ်လိုက်သဖြင့် အရောင်းသွက်လျက်ရှိနေသည်။ ဈေးကွက်သို့ မှော်ဇာကျေးရွာဘက်မှ စိုက်ပျိုးထွက်ရှိသော မုန်လာဥဖြူများ အများဆုံးဝင်ရောက်လျက်ရှိပြီး တစ်တွဲလျှင် (၅)လုံးပါရှိကာ မုန်လာဥအကြီး အတွဲ(၁၅၀)တွဲနှင့် အသေးအတွဲ(၃၀၀)တွဲခန့် နေ့စဉ်အဝင်ရှိနေသည်။ မုန်လာဥဖြူမှာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာ မြင့်တက်လျက်ရှိ၍ အလုံးအကြီးအသေးပေါ်မူတည်၍ တစ်တွဲလျှင် (၆၀၀-၈
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/317_2.jpg?itok=Thil3lP0)
ပြည်ဈေးကွက်သို့ ယခုဒီဇင်ဘာလ ပထမအပတ်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဒေသမှထွက်ရှိသော ဆင်ခရမ်းချဉ်သီးများ နှစ်ရက်လျှင် (၁)ကြိမ် ဝင်ရောက်လျက်ရှိနေပြီး (၁၀)ကြိမ်လျှင် ကြီး၊ လတ်၊ သေး အရော အလုံးရေ (၇၀၀-၆၀၀)ခန့် ဝင်ရောက်မှုရှိနေပါသည်။ ယခုဝင်ရောက်မှုမှာ ဥသျှစ်ပင်ဘက်မှသာအဝင်ရှိနေပြီး ယခင်နှစ်ကာလတူဝင်ရောက်မှုမှာ တောင်ကုတ်၊ ပေါက်ခေါင်းနှင့် ဥသျှစ်ပင်ဒေသတို့မှ အလုံးရေ (၁၅၀၀)ခန့် ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်လျော
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/302_4.jpg?itok=B-s0ADJD)
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အုန်းသီးများအရာင်းသွက်လျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် လာရောက်ရောင်းချသော အုန်းသီးများကို ပေါက်ခေါင်းမြို့နယ်ရှိ ရေဦးရွာမှထွက်ရှိသော အုန်းသီးများဖြစ်သလို အခြားခရိုင်ဖြစ်သော နတ်တလင်းခရိုင် ဆင်မြီးဆွဲ၊ သဲကုန်း မြို့နယ်များမှဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန်ကာလသည် ဝါလကင်းလွတ်၍ ဘာသာရေးပွဲ၊ နတ်ပွဲနှင့် သာသနာရေးပွဲများပြုလုပ်ချိန်ဖြစ်၍ အုန်းသီးများအရောင်းသွက်သလို ဈေးကောင်းလည်းရရှိလျက်ရှိပါသည်။ ပေါက်ခေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/316_2.jpg?itok=KTJqFe0f)
ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်ပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် ရေများများလောင်းနိုင်မှ အပင်ကြီးထွားပြီး အသီးများများတင်နိုင်သော်လည်း ရေအများသွင်းမိ၍ အပင်ခြေရင်းတွင်း ရေဝပ်သွားပြီး အမြစ်ကိုလေမတိုးခဲ့လျင် အမြစ်များရိကာ အပင်သေသွားနိုင်ပါသည်။ ဘူးပင်မျာကို ပြည်ဒေသတွင်းစိုက်ပျိုးကြသလို၊ ရွှေတောင်မြို့နယ်၊ ပုတီးကုန်းမြို့နယ်များတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်မှာ အရွက်ကိုစားရသလို အသီ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/315_2.jpg?itok=_8SkbD1V)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြက်တံမြက်စည်းလုပ်ငန်းကို လုပ်သားအင်အား ကျား/ မ (၈)ဦးခန့်ဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ မရှိမဖြစ်အိမ်သုံးပစ္စည်းဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြက်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းပစ္စည်း မြက်ကို သာယာဝတီမြို့နယ် တောင်ညိုတောင်ပေါ်ကျေးရွာများမှရရှိပြီး မြက်(၂၀) ကျပ်သားခန့်ကို အလုံးလေးရှစ်လုံးခန့် လုံးရပါသည်။ ထို့နောက် ဆယ်ပင်ချည်ကြိုးဖြင့် ခိုင်ခန့်စွာတွဲ၍ ချည်နှောင်ကာ ၂၄ လက်မခန့် ဆယ်ပင်ချည်က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/313_3.jpg?itok=V8UybcvJ)