ကုန်သွယ်မှုသတင်းများ
ပခုက္ကူဒေသသည် စပါးစိုက်ဧကနည်းပြီး စားသုံးဆန်ဖူလုံမှုမရှိသောကြောင့် တခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရပါသည်။ ဧရာဝတီတိုင်းဒေသကြီးဖြစ်သော ပုသိမ်၊ မြောင်းမြ၊ မြန်အောင်မြို့များမှ ရေကြောင်းလမ်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများအနက် မီးပြစံပြကျေးရွာသည် ငါးခြောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်လျက်ရှိသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ကျောက်တန်းမြို့မှထွက်ရှိသည့် ငါးခြောက်၏လူသိများလှပုံမှာ ကျောက်တန်းမြို့ဟုပြောလိုက်သည်နှင့် ကျောက်တန်းငါးခြောက်ကိုပြေးမြင်မိသကဲ့သို့ ကျောက်တန်းငါးခြောက်ဟုပြောလိုက်သည်နှင့် မသိသူမရှိလောက်အောင် လူသိများလှပေသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ/နီများမှာ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂၉-၆-၂၀၂၃) ရက်နေ့မှ (၅-၇-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၂၈၅၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၉၀၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၆) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၀၀၊ အလုံးသေးတစ်လုံး
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။