ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စပါး(အဟောင်း)မှာ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဧပြီလ ဒုတိယပတ်တွင် စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀) ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယပတ်တွင် (၁၆၃၀၀၀၀)ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရသည်။ ဈေးအနည်းငယ်မြင့်တက်ခြင်းမှာ ဆန်ရောင်းလိုအားကောင်းမွန်ပြီး နွေစပါးပေါ်ဦးပေါ်ဖျားတွင် နှစ်စဉ်ဈေးနှုန်း အနည်းငယ်တက်ပြီး ပြောင်းလဲမှုရှိကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလများအတွင်း ဘူးသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၀၀၀-၁၅၀၀-၂၀၀၀ကျပ် ဈေးပေါက်ခဲ့ပြီး သင်္ကြန်လွန်ကာလများတွင် ၅၀၀-၁၀၀၀-၁၃၀၀ကျပ်ထိ ပြန်လည်ကျဆင်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအချို့တွင် ထန်းလျက်ချက်လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ သာပေါင်းအုပ်စု ၊ ကံညီကိုကျေးရွာမှ ဇီးကုန်းပေါက်ပေါက် ၊ ထန်းလျက်များ လုပ်ကိုင်ဖြန့်ဖြူးနေသော ဒေါ်ကြည်မြင့်အား တွေ့ဆုံ၍ ရောင်းဝယ်ဖြန့်ဖြူး လုပ်ကိုင်နေမှု အခြေအနေများ ၊ ဈေးကွက်နှင့် ဝင်ငွေရရှိမှုအခြေအနေအား လေ့လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီမှာ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဧပြီလ ပထမအပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် အရောင်းအဝယ်ဖြစ်ပြီး ဧပြီလ တတိယအပတ်တွင် ကြက်သွန်နီ (၁)ပိဿာ (၁၃၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။ ဈေးအနည်းငယ်မြင့်တက်လာရခြင်းမှာ ဝယ်ယူသူများပြားခြင်း ၊ ဝယ်ယူသိုလှောင်သူများပြားခြင်း၊ တစ်ဆင့်ပြန် ရောင်းသူများမှလည်း ရွာအရောက်ဝယ်ယူခြင်းများ ရှိခြ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကြေးတွင်းကုန်းကျေးရွာတွင် ဒေသထွက် အာလူးများကို အာလူးခြောက်အဖြစ်ပြုလုပ်၍ ရိုးရာအစားအစာ အဖြစ်လည်းကောင်း၊ ဒေသထွက်လက်ဆောင်အနေဖြင့်လည်းကောင်း တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိပါသည်။ အာလူးခြောက်ပြုလုပ်သည့်နည်းလမ်းမှာ ပထမအဆင့်အနေဖြင့် အာလူးများ အနံ့ပျောက်စေရန်အတွက် လှီးထားသော အာလူးချပ်များကို ရေဖြင့် သုံးထပ် လေးထပ် ဆေးပေးရပါသည်။ပြီးနောက် ရေနွေးဆူဆူထဲတွင်ဆား၊အရသာမှုန့်သင့်ရုံထည့်၍ အာလူးများကိုထည့်ကာ သမအောင်မွေပြီး (၁၀)မိနစ်ခန့်ပြုတ် ပေးရ