ကုန်သွယ်မှုသတင်းများ
ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်လည်းကောင်း ၊ ကျေးလက် ဒေသများတွင် မြေဆိုးအန္တရာယ်မှ ကာကွယ်ရန်အတွက်လည်းကောင်း ဆူးချုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်များကို ခြံစည်းရိုးအပင်အဖြစ်လည်းကောင်း စိုက်ပျိုးလာကြပါသည် ။ ထို့ပြင် ကင်ပွန်းချဉ်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင်လည်း သဘာဝအလျောက် ပေါက်ရောက် လေ့ရှိကြပါသည်။ကင်ပွန်းချဉ်ပင် စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍ စိုက်ပျ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ထနောင်းပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်သောအပင်တစ်မျိုးဖြစ် သည်။ထနောင်းရွက်နု များသည် ဆောင်းအကုန်နွေဦးစများတွင် ထွက်ပေါ်လာပြီးရာသီစာအဖြစ် ရောင်းချလေ့ရှိသည်။

စပျစ်သီးသည် နွေးထွေးသောရာသီဥတုနှင့် နေရောင်ခြည်အပြည့်အဝရရှိသော ဒေသ များတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။မြန်မာနိုင်ငံတွင် စပျစ်သီးကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွဘ် စသည့်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး သီးချွန်နှင့်သီးဝိုင်းဟူ၍အသီးပုံသဏ္ဍာန်ပေါ် မူတည်၍ နှစ်မျိုး ခွဲခြားထားသည်။

လိမ္မော်သီးသည် မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးသော်လည်း အေးမြသောတောင်တန်း ဒေသများတွင် ဖြစ်ထွန်းမှု ပိုများပြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် အခြားဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ လိမ္မော်သီးသည် ဈေးကွက်တွင် ဝင်ငွေကောင်းမွန်စွာ ရရှိနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။
