ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖရဲသီးအများအပြားရောင်းချလျက်ရှိပါသည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းစပါးစိုက်ပျိုး၍မရသော မြေပေါ်တွင် ကိုင်းသီးနှံအဖြစ် ဝါးဒူး ကျေးရွာ နှင့် ကျောင်းကုန်းဒေသဘက်မှ အများဆုံးစိုက်ပျိုးကြပြီး ယိုးဒယားဖရဲသီးနှင့် မြန်မာဖရဲသီးဟူ၍ ရောင်း ချလျက်ရှိပါသည်။ ယိုးဒယားဖရဲသီးမှာ မျိုးစေ့ကိုယူ၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

24 Mar 2025

            ၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံတန်ကြေးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ချိန် ၁၆.၁ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူ‌ရေး ဒုတိယဝန်ကြီး Yerbol Taszhurekov က လွန်ခဲ့သည့် ငါး နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်

24 Mar 2025

          ပူပြင်းသောနွေရာသီ ကာလကို အမှီပြု၍ ကြံပင်များစိုက်ပျိုးထားကြပြီး ကြံအမျိုးအစား သုံးမျိုးရှိပြီး အဖြူ၊ အနီ၊ အဝါ ဟူ၍ ဖြစ်ကြောင်း သိရပါသည်။ ဒေသစိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်လတို့တွင် စိုက်ပျိုးပြီး နတ်တော်၊ ပြာသိုလများတွင် ကြံပင်များကိုခုတ်ပြီး အတိုအရှည်ခွဲ၍ သုံးထောင့်ထွာ (၁၀) ချောင်းစီး (၁) စီး ဆိုလျှင် ကျပ် (၆၀၀၀) နှင့် ကျပ် (၈၅၀၀) ဈေးရှိကြောင်း၊ ယခင်နှစ်တွင် ကျပ် (၅၅၀၀) ကျပ် ရှိပြီး၊ လေးထောင့်ထွာ (၁၀) ချောင်းစီး’ (၁) စီးဆိုလျှင် ကျပ် (၈၀၀၀) နှင့် ကျပ် (၁၂၀၀၀) ရ

24 Mar 2025

          ကန်ကြီးထောင့်မြို့နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခု မတ်လတွင် ဈေးနှုန်းအနည်းငယ် တက်လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးအဖြူ (၁) ပိဿာလျှင် (၁၉၅၀၀) ကျပ်၊ ကွမ်းသီး အနီ (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်ဈေးအတွင်းရှိ ကွမ်းယာပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင်မှ သိရပါသည်။

24 Mar 2025

          မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည့်ဟုဆိုသော်လည်း ယခုလိုဆောင်းအကုန်၊ နွေအကူး ကာလသို့ ရောက်လျှင် မုန့်လက်ဆောင်းများရောင်းအားကောင်းလာသည်ကို တွေ့ရပါသည်။ မုန့်လက်ဆောင်းသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့အလိုက်ဖက်ဆုံး မုန့်တစ်မျိုးဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး အမောပြေစေပါသည်။

Pages