ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ပေါက်ပင်တွင်း၊ ရေမျက်နှင့် ကျောက်တန်းကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက (၁၂၀) ကျော်စိုက်ပျိုးထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲစိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၇၀)ခန့်မှ ယခုနှစ်တွင် စိုက်ဧက (၁၀၀)ကျော်စိုက်ပျိုးထားကြောင်းသိရသည်။
