ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ အရှေ့ဘက်ကျုံးပတ်လမ်းတွင် ရုံးခန်းဖွင့်လှစ်သော မဟာမေတ္တာဖောင်ဒေးရှင်းသည် တောင်ငူမြို့၏ ရပ်ကွက်အသီးရှိ အခြေခံလူတန်းစားများအား သက်သာသောနှုန်းထားဖြင့် ရပ်ကွက်အရောက် မော်တော်ယာဉ်ဖြင့် ဆန်များသယ်ယူပြီး ရောင်းချပေးလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ ( ၄ ) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၃၅၀၀ ၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၀၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိပါသည်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျေးရွာအုပ်စု ၃၅အုပ်စုရှိရာ ကျေးရွာအုပ်စု ၂၇အုပ်စုတွင် အုန်းသီးများထွက်ရှိပါသည်။ အုန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို ပင်လုံးပြတ်ဝယ်ယူပြီး အုန်းသီးခူးရန် အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ကျပ်ပေးရကြောင်းသိရပါသည်။
တောင်ငူမြို့၏အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ရာသီအလိုက်ထွက်ပေါ်လာသော သစ်သီးဝလံများ တောင်ငူမြို့သို့ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် ကျွဲကောသီးအဖြူသီးနှင့် အနီသီးများဝင်ရောက်လာပါသည်။